Friday, 31 October 2014

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးအမြင် (Development Perspective of Myanmar)

                 By Maji Yaw Htung                              31 October 2014

                                               
၁။ ဖွံ့ဖြိုးရေးဝေါဟာရ၏ သမိုင်းအကျဉ်း (Brief History of Development Terminology)
ဖွံ့ဖြိုးရေး (Development) ဆိုတဲ့ဝေါဟာရ ကိုဒုတိယ ကမ္ဘာစစ် နောက်ပိုင်း မှ ပေါ်ထွက်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီဝေါဟာရ ဟာ အမေရိကန်နိုင်ငံ ကနေ၊ ထိုစဉ်ခါက နိုင်ငံခြားရေးဝန်ကြီး(Secretary of State) ဖြစ်တဲ့ ဂျော့မာရှယ်လ် (George Marshall) ဟာ၊ ဒုတိယ ကမ္ဘာစစ်အတွင်းအကြီးအကျယ် ပျက်စီးယိုယွင်းသွားတဲ့ ဥရောပနိုင်ငံ(ဥပမာ - အင်္ဂလန်၊ပြင်းသစ်၊ဂျာမဏီ) တွေကို ပြန်လည်တည်ထောင်ဖို့ ပေးအပ် ခဲ့တဲ့ ဖွံ့ဖြိုးရေး အထောက်အကူ (Development Assistance) ကို မာရှယ်လ် ပလင် (Marshall Plan) လို့ခေါ်တဲ့ အစီအစဉ်ကနေ၊ ၎င်း တို့ ၏ဈေးကွက်အကျိုးစီးပွားကိုမျှော်ကိုးရင်း ကူညီခဲ့ရာမှ ပြင်ပမှအကူအညီ (External Assistance) ဖြင့် အချို့ဥရောပနိုင်ငံတို့သည် ၎င်းတို့နိုင်ငံ ကိုပြန်လည်ထူထောင်ခဲ့သည့် ဖြစ်စဉ် နှင့်၊ ဒုတိယ ကမ္ဘာစစ် အပြီး ကမ္ဘာ့စီးပွားရေး နှင့် ငွေကျေးပြဿနာများကို ဖြေရှင်းရန် ဘရိတွန်ဝူးထ်စ် ညီလာခံ (Bretton Woods Conference) ကို နယူး ဟင်ရှိုင်းရား ပြည်နယ်(New Hampshire)၊ ဘရိတွန်ဝူးထ်စ် (Bretton Woods) မှ မောင့် ၀ါရှင်တန် ဟိုတယ်လ် (Mount Washington Hotel)၊ တွင် နိုင်ငံပေါင်း ၄၄ နိုင်ငံ မှ ငွေကျေးဆိုင်ရာ ၀န်ကြီးများ နှင့် နိုင်ငံကိုယ်စားလှယ် စုစုပေါင်း ၇၃၀ တက်ရောက် ၍၊ နိုင်ငံ တကာ ငွေကျေးရန်ပုံငွေ အဖွဲ့ (IMF)၊ နိုင်ငံတကာ ပြန်လည်ထူထောင်ရေးနှင့် ဖွဲ့ဖြိုးရေး ဘဏ် (IBRD ယခု ကမ္ဘာ့ဘဏ် (World Bank) ၏ အခွဲ)၊ နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး (WTO ၊ ယခင် GATT) များကို ဖွဲ့စည်းတည်ထောင် ၍၊ ဖွံ့ဖြိုး ပြီးနိုင်ငံ များ ကြီးစိုးသော ဤ အဖွဲ့ ကြီးများ သည် ဖွံ့ဖြိုးဆဲ နှင့် ဆင်းရဲသည့် နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး ကို ၎င်း တို့ မူဝါဒနှင့် အညီကူညီခဲ့သည့် အလေ့အထ များကို အမှီပြု၍၊ စီးပွားရေး ပညာရှင်များ စတင်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

၂။ ကွဲပြားသည့် နိုင်ငံ၏ ဖွံ့ဖြိုးရေး ချဉ်းကပ်ပုံများ (Developmet Approaches)
ကမ္ဘာ့ သမိုင်း ကိုပြန်ပြောင်း ကြည့်မည်ဆို ပါက၊ ကိုလိုနီ စနစ် (Colonialism) ဟာ ဒုတိယ ကမ္ဘာ စစ် မတိုင်မှီတိုင်အောင် ကမ္ဘာ့ နေရာ ဒေသ အသီးသီး နှင့် နိုင်ငံများ ကို ကြီးစိုးကာ ဒေသ ၏ သံယံဇာတ များ ကိုထုပ်ယူသုံးစွဲ ၍ ဒေသခံ လူ များ ကို တိုက်ရိုက် သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် ကျွှန်ပြုကာ သွေးစုပ် ခြင်းဖြင့် မိမိတို့ ကိုလို နီနိုင်ငံများ ၏ စီးပွားရေးများကိုတည်ထောင်ခဲ့ကြသည်။ ဤ ကိုလိုနီ နိုင်ငံ များသည် ဥရောပ ဒေသ မှ ထိုခေတ် ဘုရင် နိုင်ငံ များ ဖြစ်ကြသော အင်္ဂလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန် အစ ရှိသော နိုင်ငံ များ ဖြစ်ခဲ့ ကြကြောင်း ကို လည်း စာ ဖတ် သူ အ သိဖြစ်သည်။ ယင်းကိုလိုနီ နိုင်ငံများ ၏ ဆိုးမွှေ ကောင်း မွှေ အားလုံး ကို ထို ကိုလိုနီ လက် အောက် ခံ ဖြစ်ခဲ့သော နိုင်ငံများ က ဆက်ခံ ၍  လွတ်လတ်ရေး ရပြီးနောက် နိုင်ငံ ကို မိမိ တို့ယုံကြည်သည့် ဖွဲ့ဖြိုးရေး ချဉ်းကပ်မှု(လမ်းကြောင်း) များဖြင့် ခရီး ဆက်ခဲ့ကြသည်။ 
ဤ နေရာ တွင် ဒုတိ ကမ္ဘာစစ် အပြီး ကိုလိုနီလက်အောက်မှ လွှတ်မြောက်လာသော နိုင်ငံများ၏ ၎င်းတို့နိုင်ငံဖွံ့ဖြိုး ရေး ချဉ်းကပ် ပုံများ ကို အနည်း ငယ် ဆွေးနွေး လို သည်။ ဤကဲ့သို့ဆွေးနွေးရာ တွင် စာရေးသူ အနေနှင့် ပြောလိုသည်မှာ၊ နိုင်ငံများ ၏ နိုင်ငံရေးမူဝါဒ များကို ဖော်ပြ သော် ငြားလည်း၊ ၎င်း မူဝါဒ သည် တိုင်းပြည်၏ ဖွံ့ဖြိုးရေးအကျိုးသက်ရောက် ခြင်းကို အဓိက မီးမောင်ထိုးပြ လိုကြောင်း တင်ပြလိုသည်။ ဒုတိ ကမ္ဘာစစ် အပြီး တွင် အထက် တွင် ဖေါ် ပြခဲ့ သကဲ့သို့ စစ်ကြောင့် ယိုယွင်းပျက်စီး သွား သော ဥရော ပနိုင်ငံများ ကို ပြန်လည် ထူထောင် ရန် အရင်းရှင် စနှစ် လွမ်းမိုးသော အမေရိကန် နိုင်ငံ၏ အကူအညီ နှင့် ၁၉ ရာစု အလယ် လောက် တွင် ပေါ်ပေါက်ခဲ့ သော ကားမခ်စ် (Karl Marx) ၏ နိုင်ငံရေး၊ စီးပွားရေ၊ လူမှုရေး အတွေးအခေါ် သည် ထိုစဉ် က ကိုလိုနီလက် အောက် ခံ နိုင်ငံ များ ၏လွတ်လတ်ရေး ခေါင်းဆောင် များ ကြားရေပန်းစားကာ မခ်စစ်ဆင် (Marxism) ကို မိမိနိုင်ငံ၏ ရေခံမြေခံ ကို အခြေခံ (Contextualized) ကာ ပြန်လည်မွန်း မံသော ကွန်မြူနစ် (Communism)၊ ဆိုရှယ်လစ် (Socialism) များ ကြား အား ပြိုင်သည့် ကာလ ဖြစ်ခဲ့သည်။ ထို့ကြောင့် အာရှ (Asia)၊ အာဖရိက (Africa)၊ နဲ့ လက်တင် အမေရိက (Latin America) မှ ဒုတိယ ကမ္ဘာ စစ်ပြီး လွှတ်လတ် ထွန်းတောက်ခါစ နုင်ငံ အများစု သည် ကွန်မြူနစ် (Communism) နှင့် ဆိုရှယ်လစ် (Socialism) စနစ်များ ကို မိမိတို့ နိုင်ငံ ၏ ဖွံ့ဖြိုး ရေးလမ်းစဉ် အဖြစ် သက်ဝင် ယုံကြည်ကာ နိုင်ငံ ၏ နိုင်ငံရေး နှင့် စီးပွားရေး ကို တည်ထောင် ခဲ့ကြသည်။ ဥရောပ တိုက်တွင်မူ၊ အနောက် ဂျာမဏီ အပါအ၀င် အနောက် ဥရောပ နိုင်ငံများ ကို အမေရိကန်နိုင်ငံ၏ အရင်းရှင် စနှစ် (Capatalism) လွမ်းမိုး ၍၊ အရှေ့ ဂျာမဏီ အပါအ၀င် အရှေ့ ဥရောပနိုင်ငံများ ကို ကွန်မြူနစ် (Communism) စနှစ် ကျင့်သုံးသော ဆိုဗီယက်ပြည်ထောင်စု (USSR) က လွမ်းမိုးကာ အရှေ့ဥရောပသဟာရ နိုင်ငံများ (Eastern Bloc Countries) အဖြစ်ရပ်တည်ခဲ့ကြသည်။ ယင်းသို့ဖြင့် ၁၉၉၀ မတိုင်မှီ တိုင် အောင် အမေရိကန်နိုင်ငံ ဦးဆောင်သည့် နိုင်ငံများ နှင့် ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သည့် နိုင်ငံများ ကြား စစ်အေး ကာလ ခေတ် တစ်ခေတ် ကြော်ဖြတ်ခဲ့ဖူး သည်။ ထိုခေတ်က ကမ္ဘာ့နိုင်ငံများကို နိုင်ငံရေးနှင့် စီးပွားရေး ပညာရှင်များ သည် သုံးမျိုးသုံးစား မှည့်ခေါ်ခဲ့ကြသည်။ ၎င်း နိုင်ငံများမှာ အမေရိကန်ဦးဆောင်သည့်နိုင်ငံများ ကို ပထမ နိုင်ငံများ (First World Countries)၊ ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သည့် နိုင်ငံများကို ဒုတိယ နိုင်ငံ များ (Second World Countries)၊ နှင့် မည်သည့် ဘက် မှ မလိုက်သည့်နိုင်ငံ များ (မြန်မာနိုင်ငံအပါအ၀င်) ကို တော့ တတိယ နိုင်ငံများ (Third World Countries) ဟူ၍ မှည့်ခေါ်ခဲ့ကြသည်။ 
အမေရိကန်နိုင်ငံ၏အရင်းရှင်စီးပွားရေးဖြင့် ဦးဆောင်သော အနောက် ဂျာမဏီအပါ အ၀င် အနောက် ဥရောပနိုင်ငံများသည် သိသိသာသာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ အဖြစ်ရပ်တည်လာချိန်တွင်၊ ဆိုရှယ်လစ် စနှစ် ကျင့်သုံးသော ဆိုဗီယက်ပြည်ထောင်စု  ဦးဆောင်သော အရှေ့ဂျာမဏီ အပါအ၀င် အရှေ့ဥရောပနိုင်ငံများသည် ၁၉၉၀ ခုနှစ် ရောက်လာချိန်တွင် ပိုပို၍ ချွှတ်ချုံ ကျ လာခဲ့သည်။ ယင်းသို့ဖြင့် ၁၉၈၉ ခုနှစ် ရောက်လာချိန်တွင် အရှေ့ဂျာမဏီ သည် ချွှတ်ချုံကျ မှုကို မခံနိုင်တော့ပဲ ၁၉၆၁ ခုနှစ် က တည် ဆောက် ခဲ့ သည့်အရှေ့နင့် အနောက် ဂျာမဏီကို ကာထားသော ဘာလင် တံတိုင်း (Barlin Wall) ကို ဖြိုဖြတ်ကာ အနောက်ဂျာမဏီနှင့် ပူးပေါင်း ခဲ့ သည်။ ထို့နောက် ၁၉၉၁ ခုနှစ်   တွင် ဆိုဗီယက်ပြည်ထောင်စု သည်လည်း အစိတ်စိတ်အမွှာအမွှာ ပြိုကွဲသွားခဲ့တော့သည်။ ယင်းလက္ခဏာသည် နိုင်ငံ၏ ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်သည့် ၀ါဒကြီး နှစ်ခု ဖြစ်သော အရင်းရှင်စံနှစ်နှင့်မတ်ခ် ၀ါဒကို အခြေခံသော ဆိုရှယ်လစ် စံနှစ် အကြား ဆယ်စုနှစ် သုံး ခု ကျော်လျှောက်လှမ်း ပြီးချိန်တွင် ဆိုရှယ်လစ် စံနှစ် ရှုံးနှိမ့်သွားခြင်း လည်းဖြစ်သည်။ မြန်မာနိုင်ငံ သည်လည်း ၁၉၄၈ ခုနှစ် လွှတ်လတ်ရေး ရပြီးနောက် ဦးနုလက်ထက်တွင် နိုင်ငံရေး ကို ပါလီမန် ဒီမိုကရေစီ (Parliamentary Democracy) ဟု သမုတ်ကာ ကျင့်သုံး ခဲ့သော် လည်း၊ နိုင်ငံ၏စီးပွာရေး ကို မူ ဆိုရှယ်လစ်စီးပွားရေး စနှစ် ကို အခြားထွန်းတောက်စ နိုင်ငံများကဲ့သို့ပင် ကျင့်သုံးခဲ့သည်။ ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် တော့ နိုင်ငံရေးနှင့်စီးပွားရေးကို မြန်မာနိုင်ငံ ၏ ရေခံမြေခံ ကို အမည်ခံသော ဆိုရှယ်လစ် တစ်ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် နိုင်ငံ  ၏ ဖွံ့ဖြိုးရေးကို ချီတက် ခဲ့ရာ ၎င်းလမ်းစဉ် ၏ရလဒ် အဖြစ် နိုင်ငံသည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င် ခဲ့ ရုံမက ပြည်သူများဆင်းရဲမွဲတေမှု နှင့် ချွှတ်ချုံ ကျမှု ကို မခံမရပ် ဖြစ်ရာမှ ၁၉၉၈ ခုနှစ် လူထု အုံကြွ မှု ဖြစ်သည့်နှစ်တွင် မြန်မာ့ဆိုရှယ်လစ် ၏ နိုင်ငံဖွံ့ဖြိုးရေး လမ်းစဉ် သည် လည်း တစ်ခန်း ရပ်ခဲ့ ရခြင်းဖြစ်သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် တော့ စီးပွားရေးပညာရှင်တို့သည် ကမ္ဘာ့နိုင်ငံများ ကို နိုင်ငံ၏ စီးပွားရေးကို အခြေခံကာ ပြန်လည် မှည့်ခေါ်ခဲ့ရာ၊ ဂျပန်၊ ဩစတေးလျှ၊ အမေရိကန် နှင့် အနောက် ဥရောပ အစရှိသောနိုင်ငံများ ကို ဖွံ့ဖြိုးပြီးနိုင်ငံများ (Developed Countries) ဟုခေါ်၍၊ အရှေ့တောင် အာရှနိုင်ငံများ အပါအ၀င် အရှေ့ဥရောပနိုင်ငံများ၊ ယခင် ဆိုဗီယက်ပြည်ထောင်စုမှ ပြိုကွဲလာသော နိုင်ငံများ နှင့် လက်တင်အမေရိကားနိုင်ငံများ ကို ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries) ဟုခေါ်ကာ၊ မြန်မာနိုင်ငံ အပါအ၀င် အာဖရိကနိုင်ငံ အတော်များများနှင့် အာဖဂန်နစ်စတန် ကဲ့သို့ သော အာရှမှ နိုင်ငံ အချို့ ကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (Least Developed Countries) ဟု ပြန်လည် သမုတ်ခဲ့ကြသည်။

၃။ အရင်းရှင် နှင့် ဆိုရှယ်လစ် စံနှစ် များ၏ဖွံ့ဖြိုးရေးလမ်းစဉ် (Capitalism and Socialism on Development)
ဤ ခေါင်းစဉ် နှစ်ခု ကို အကျယ်တ၀န့် သွားလျှင် လွန်စွာရှည် လျှား ရှုပ်ထွေး၍ စာ အုပ်ကြီး တစ် အုပ် အနေ ဖြင့် ရေးမှ သာ ကမ္ဘာ့နိုင်ငံ များ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ဤ ၀ါဒ နှစ်ခု ၏ သမိုင်း ဖြစ်စဉ် နှင့် လမ်းစဉ် ကို ကောင်းစွာ ရှင်းနိုင်မည်ဖြစ်သည်။ သို့သော်စာရေးသူ အနေဖြင့် ၎င်း ၀ါဒ နှစ်ခု ကို အထက်တွင် သုံးနှုန်းခဲ့ ၍ ၎င်း ၀ါဒ နှစ်ခု ၏ နိုင်ငံ ၏ဖွံ့ဖြိုး ရေး လမ်းစဉ် ကို အနည်းငယ်ပုံဖော် ပြလိုသည်။
အရင်းရှင်စံနှစ် (Capitalism) သည် ပုဂ္ဂလိက ပိုင်ဆိုင် မှုကို အခြေခံ ကာ လွတ်လတ်သည့် ဈေးကွက်စီးပွားရေးကို ဦးစားပေးခြင်းအား ဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်အောင် တည်ဆောက် မည် ဆိုသည့် အယူအဆ ဖြစ်သည်။ ဆိုရှယ်လစ် စံနှစ် (Socialism) မှာမူ မခ်စ် ၀ါဒ (Marxism) မှ ဆင်း သက် ပေါက်ဖွား လာသည့် စံနှစ် ပြီပြီ ပုဂ္ဂလိက ပိုင်ဆိုင် မှုကို ခွင့်မပြုပဲ နိုင်ငံ တော် ကသာပိုင်ဆိုင် မှုအားလုံး ကို ယူ၍ နိုင်ငံ၏ စီးပွားရေး ကို နိုင်ငံတော် က တာဝန်ယူခြင်း အားဖြင့် ပြည်သူ အားလုံး တန်းတူ ညီမျှ စွာ ဖွံ့ဖြိုးတိုးတက် စေမည် ဆိုသည့် အယူအဆ ဖြစ်သည်။ ကွန်မြူနစ် စံနှစ် (Communism) တစ်ဖြစ်လဲ ဆိုရှယ်လစ် စံနှစ် (Socialism) ကိုကျင့်သုံးကာ တိုင်းပြည် ဖွံ့ဖြိုးရေး ကိုတည်ဆောက်ခဲ့သော မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ များ သည် နောက် ဆုံးတွင် လူထုအုံကြွမှု များနှင့် အဆုံးသတ် ခဲ့ကြရသည် ချည်း ဖြစ်သည်။ ယနေ့ခေတ် တွင် ကွန်မြူနစ် စံနှစ် (Communism) (သို့) ဆိုရှယ်လစ် စံနှစ် (Socialism) ကျင့်သုံးသောနိုင်ငံ များမှာ တရုတ် (China)၊ မြောက်ကိုးရီးယား (North Korea)၊ ကျူးဘား (Tuba)၊ ဗီယက်နမ် (Vietnam) နှင့် လာအို (Lao) တို့သာ ကျန်ရှိတော့ သည်။ ယင်းနိုင်ငံများ အနက် တရုတ် နှင့် ဗီယက်နမ် တို့ ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြင့် တက် လာ ခြင်း သည် လည်း ၎င်းတို့၏ စီးပွားရေးစံနှစ်ကို အရင်းရှင်စံနှစ် ဆန်ဆန် ပြန်လည် ပြုပြင် ခြင်း၏ အကျိုးရလဒ် ဖြစ် ကြသည်။ ထို့ကြောင့် အရင်းရှင်စီးပွားရေးစံနှစ် သည် တိုးတက် ဖွံ့ဖြိုး ခဲ့သော နိုင်ငံများ ကျင့်သုံး ပုံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွာခြား သော် လည်း တိုင်းပြည်ဖွံ့ဖြိုးရေး လမ်းစဉ်တွင် အအောင်မြင်ဆုံးလမ်းစဉ်အဖြစ်ရပ်တည်လျှက်ရှိသည်။

၎။ မော်ဒင်နိုင်ဇေးရှင်း သီအိုရီ (Modernization Theory)
ဖွိ့ဖြိုးမှု  သီအိုရီ (Development Theory) မြောက်များစွာ ရှိသည့်ထဲမှ မော်ဒင်းနိုင်ဇေးရှင်း သီအိုရီ (Modernization Theory) သည် အင်မတန် ထင်ရှား ၍ နိုင်ငံ အတော်များများ သည် လည်း မိမိနိုင်ငံတို့၏ ဖွံ့ဖြိုးမှုကို ဤ သီအိုရီ ၏နိယာမ အနေအထားရောက်အောင် မိမိ တို့နှင့် သင့်လျှော်ရာ လမ်းကြောင်းများ ဖြင့် လျှောက်လှမ်းခဲ့၊ လျှောက်လှမ်းဆဲ၊ လျှောက်လှမ်းဖို့ပြင်နေကြသည်ချည်းဖြစ်သည်။ မြန်မာနိုင်ငံကိုလည်း ခေါင်းဆောင်များသည် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ အဖြစ် ရုပ်လုံးဖော်နေ သည်မှာ ထင်ရှား သည်။ ထို့ကြောင့် ဤ နိယာမ နှင့်အတော်လေး ကိုက်ညီသည် ဟုယူဆ ၍ မော်ဒင်းနိုင်ဇေးရှင်း သီအိုရီ ကို အနည်းငယ် တင်ပြ ဆွေးနွေးလိုသည်။ 
ဤ သီိအိုရီသည် နည်းပညာကို အခြေခံ ၍  နိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံ အနေအထား ရောက်ခြင်းကို ဆိုလိုသည်။ ပို၍ လွယ်ကူ သိသာအောင် ပြောရမည် ဆိုလျှင် နိုင်ငံသူ/သား များသည် ခေတ်မှီတိုက်တာ အဆောက်အဦများတွင်နေထိုင်၊ ခေတ်မှီ ယာဉ်၊ အသုံးအဆောင် နှင့် ဇိမ်ခံ ပစ္စည်းများ သုံးဆောင် ၍ စားကောင်းသောက်ဖွယ်များ ဖြင့် နေ့ တဓူဝ နေ နိုင် သော အနေအထား ကို ဆိုလိုသည်။ ဤ ဖွံ့ဖြိုးရေးအမြင်သည် အမေရိကန်အပါအ၀င် ဒုတိယကမ္ဘာ စစ် နောက်ပိုင်း ဥရောပနိုင်ငံ အချို့ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး သည့်အနေ အထား ရောက်ရှိ ခဲ့ သည်မှ ပညာရှင်များ သည် မဖွံ့ဖြိုးသေးသောနိုင်ငံများကို ထို တိုးတက် ပြီးသော နိုင်ငံများကို စံအဖြစ် ယူကာ ၎င်းတို့ နိုင်ငံ များ ၏ ဖွံ့ဖြိုးရေးကို လျှောက်လှမ်းရန် အကြံပြု တွေးခေါ် ထားသော အတွေးအခေါ် အယူအဆ ဖြစ်သည်။  ပညာရှင်များထဲမှ လူမှုစီးပွားရေးပညာရှင် ရော့စ်တိုး (Rostow) ၏ နိုင်ငံတစ်နိုင် အတွက် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သည့် အနေအထား ရောက်ရှိရန် အယူအဆမှာ လင်နီယာစတေ့ခ်ျ သီအိုရီ (Linear-stages Theory) ဟု ခေါ်သော အဆင့်ငါးဆင့် ကိုကျော်ဖြတ် ရသော အယူအဆဖြစ် သည်။ ၎င်း အဆင့်ငါးဆင့် ကို လေယာဉ်ပျံသန်း ရန် စတင် အရှိန်ယူ သည့် အဆင့် မှ အရှိန်ဖြင့်ပျံသန်း နေနိုင် သည့် အဆင့်ထိဖြစ်သည်။ 
ပထမ အဆင့် ဖြစ်သည့် မိရိုးဖလာလူမှုအတိုက်အ၀န်း (Traditional society) ဆိုသည်မှာ ၀င်ငွေ အလွန် နိမ့်၍ စိုက်ပျိုးရေး ကို မိရိုးဖလာ လုပ်ကိုင်စား သောက် သည့် နိုင်ငံ များ ပါဝင် သည် ။ ဒုတိယ အဆင့် မြေပြင်မှပြန်တက်ရန် လိုအပ်သည့် အခြေအနေ(Preconditions for take-off) ဆိုသည် မှာ စု ဆောင်းငွေ၊  အရင်းအနီး များသည် လူဦးရေ ထက် သာ လွန်၍၊ အပြောင်း အလဲ ဖြစ် ပေါ်ရန် ပြင်ပ မှ ၀င်ရောက်ရန် လိုသည့် နိုင်ငံ များ ပါဝင် သည် ။ တတိယ အဆင့် စတင်ပြန်တက်သည့်အနေအထား(Take-off) ဆိုသည်မှာ ကုန်ထုပ်လုပ်မှု နည်းပညာ အတန် ကောင်း မွန်လာကာ ထုပ်ကုန် ကို လုံလောက်စွာ ထုပ်လုပ် သုံးစွဲ တင် ပို့နိုင်ရုံသာမက အရင်းအနီးနှင့် စုဆောင်ငွေ များ သည်လည်း နိုင်ငံ ၏ စုစုပေါင်းဝင်ငွေမှ ၅-၁၀ % အဆင့် ရောက်ရှိ ၍၊ အဖွဲ့အစည်း ဖွဲ့စည်းပုံစနှစ် နှင့် ဘဏ် စနှစ်များ ကောင်းမွန် လာသော နိုင်ငံ များ ပါဝင် သည် ။ စတုတ္တ အဆင့် ရင့်သန်မှုအတွက် မောင်းနှင်ခြင်း(Drive to maturity) ဆိုသည်မှာ နည်းပညာအားလုံး ကို ပိုင်ဆိုင်ကာ ကျွှမ်းကျင် လာ ပြီး၊ မိမိ နိုင်ငံအနေဖြင့် နည်းပညာ သစ်များ စတင် တီထွင် လာ နိုင်၍၊ အရင်းအနီးနှင့် စုဆောင်း ငွေ သည် နိုင်ငံ စုစု ပေါင်း ၀င်ငွေ၏ ၁၀-၂၀ % အဆင့် ရောက်ရှိ သော နိုင်ငံ များ ပါဝင် သည်။ နောက် ဆုံး အဆင့် ငါး နေ ရာ တွင် မူ၊ တာရှည်ခံ ပစ္စည်းများ နှင့် အကောင်းဆုံး ၀န်ဆောင်မှုများ ကို ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ကာ၊ လူမှုဖူလုံရေး ၀န်ဆောင်မှုများ ကို အကောင်းဆုံး တိုးချဲ့နိုင်သော နိုင်ငံများ ပါဝင်သည်။ သို့ဆိုလျှင် မြန်မာနိုင်ငံ သည် မည်သည့် အဆင့်တွင်ပါဝင် နေ မည်ကို စာဖတ်သူကွက်ကွက် ကွင်းကွင်း မြင်ပြီးဖြစ်မည်။

၅။ နိုင်ငံတကာ အဖွဲ့ ကြီးများ ၏ ဖွံ့ဖြိုးရေး အပေါ် အဓိပ္ပါယ်ဖွင့်ဆို မှု နှင့် တိုင်းတာမှုများ (Development and Measurement by International Organizations)
၁၉၉၀ ခုနှစ် နောက်ပိုင်း ဘာလင်တံတိုင်း ပြိုကျအပြီး နှင့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲ ပြီးနောက် ကမ္ဘာ့ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများကို အရင်းရှင်စီးပွားရေးကျင့် သုံးသော အနောက်အုပ်စု ကြီးစိုးသည့် အဖွဲ့ကြီးများဖြစ်ကြသည့် ကမ္ဘာ့ ဘဏ် (World Bank)၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)၊ ဥရောပတမ္မဂ (European Union) အစ ရှိသော အဖွဲ့ များ သည် ၎င်း တို့ အဖွဲ့ အသီးသီး ၏ ဖွံ့ဖြိုးရေး မူဝါဒ နှင့် တိုင်းတာမှုများ ကို ဇောင်းပေးကာ ဖွံ့ဖြိုးရေးအကူအညီများ ပေး ကြသည်။ ထို့အတူပင် ကမ္ဘာ့ ကုလတမ္မဂ ဖွံ့ဖြိုးရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် UNDP သည်လည်း ၎င်း ၏ ဖွံ့ဖြိုးရေး မူဝါဒ နှင့် တိုင်းတာမှုများ ကို ဇောင်းပေးကာ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများကို ဖွံ့ဖြိုးရေးအကူအညီများ ကို ပေးအပ်လေ့ရှိသည်။  ကမ္ဘာ့ ဘဏ် အနေဖြင့် ဖွံ့ဖြိုးရေးကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် နိုင်ငံတစ်နိုင်ငံ၏ GDP နှင့် GNP တိုးတက်မှု % ရာခိုင်နှုန်း ကို ကြည့်၍ သတ်မှတ်သည်။ GDP ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ တွင်း ရှိ ပြည်ပ လုပ်ငန်းရှင်များအပါအ၀င် တစ်နိုင်ငံလုံး ၏ ထုပ်လုပ်မှု တန်ဖိုး စုစုပေါင်း ဖြစ်ပြီး၊ GNP ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းပြည်ပ ရှိ နိုင်ငံသူ/သား များ ၏ ထုပ်လုပ်မှု တန်ဖိုး စုစုပေါင်း ဖြစ်သည်။ UNDP ၏ ဖွံ့ဖြိုးရေးကို အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ကမ္ဘာ့ ဘဏ် နှင့် ကွာခြားသည်ကို တွေ့ရသည်။ ၎င်း ၏ ဖွံ့ဖြိုးရေးဇောင်းပေးမှုမှာ HDI (Human Development Index) ဟုခေါ်သော ကဏ္ဏ သုံးခု ပါဝင်သည့် ဖွံ့ဖြိုးရေး မူဝါဒဖြစ်သည်။ ၎င်း ကဏ္ဏ သုံးခု မှာ ကျန်းမာရေး၊ ပညာရေး နှင့် သင့်သင့်လျှောက်ပတ်သော လူနေမှု အဆင့်အတန်း များ ဖြစ်သည်။ ထို့ကြောင့် UNDP ၏ ဖွံ့ ဖြိုးရေးအစီစဉ်သည် ၎င်း ကဏ္ဏ သုံးခု ကောင်းမွန်လာရေး ကို အဓိက ထားသည်။ ထို့အတူ အခြားအခြားသော နိုင်ငံ တကာ ဖွံ့ဖြိုးရေး အေဂျင်စီများ သို့မဟုတ် အဖွဲ့ များသည်လည်း ၎င်းတို့ ၏ ဖွံ့ဖြိုးရေးအဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် တိုင်းတာမှုများ ရှိကြ သည် ချည်းဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ သည်လည်း ၎င်းတို့နိုင်ငံများ အနေနှင့် ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများကို ကူညီရာတွင် ၎င်း တို့၏ ဖွံ့ဖြိုးရေးအဓိပ္ပါယ် ဖွင့်ဆိုချက်နှင့် တိုင်းတာမှုများ ကိုသုံးကာ ၎င်း တို့၏ အကျိုးစီးပွား ကို ရေရှည် မျှော်ကိုးစမြဲဖြစ် ကြသည်။ ထို့ကြောင့် ထိုကဲ့သို့သော အဖွဲ့များထံမှ အကူအညီ ယူလေ့ယူထ ရှိသော မြန်မာနိုင်ငံကဲ့သို့သောနိုင်ငံများသည် ဖွံ့ဖြိုးရေး အထောင့်အပံ့များ ကိုမိမိ နိုင်ငံ ၏ ရေရှည် ဖွံ့ဖြိုးရေးကို ဖြစ်ပေါ်စေ၍ ကူညီထောက်ပံ့သည့် အဖွဲ့များ နှင့် နိုင်ငံများ ၏ ရေတိုရေရှည် လွှမ်းမိုးမှု မှ ကင်းလွှတ်နိုင်ရန်မှာ နိုင်ငံ့ ခေါင်းဆောင်များ နှင့် အစိုးရအဖွဲ့များ၏ လိမ္မာပါးနှပ်မှု နှင့် ဥာဏ်အမျှော်အမြင် ကြီးမှုတွင် သာအဓိက မူတည်သည်။ 
အထက်တွင်ဆွေးနွေး ခဲ့ သကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများ သည် ၎င်းတို့မဏ္ဏိုင်နှင့် ညွှန်းကိန်း များ ကိုအခြေပြု၍ ဖွံ့ဖြိုးရေး အကူအညီများပေးအပ်ရာ စံချိန်စံညွှန်းများသည်လည်း ကွဲပြားသည်။ ကမ္ဘာ အဆင့် ဖွံ့ဖြိုးရေး မဏ္ဏိုင် ကို ကမ္ဘာ့ကုလတမဂ္ဂ က ဦးဆောင်ကာ ထောင်စုနှစ်ဖွံ့ဖြိုးရေးစံချိန် စံညွှန်း များ (Millennium Development Goals) သတ်မှတ်၍ ချီတက်လျှက်ရှိရာ ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ သည် မိမိတို့နိုင်ငံ ၏ အခြားသော ဖွံ့ဖြိုးရေး မူဝါဒ နှင့်အတူ သတ်မှတ်ချိန် အတွင်း စံချိန်စံညွှန်းပြည့်မှီရန် ရုန်းကန် လျှက်ရှိကြသည်။ ထောင်စုနှစ်ဖွံ့ဖြိုးရေးစံချိန် စံညွှန်း များ ၈ ချက်ရှိရာ၊ ၎င်းတို့မှာ - (၁)  လွန်စွာ ဆင်းရဲမွဲတေမှု နှင့် ငတ်မွတ် မှု ပပြောက်ရေး၊ (၂) တစ်ကမ္ဘာ လုံး အခြေခံပညာ အဆင့် ပြီးမြောက် ရေး၊ (၃) ကျား၊မ တန်းတူ ရေး နှင့် အမျိုးသမီးများ ကို အခွင့်အာဏာ ပေးရေး၊ (၄) ကလေး အသေအပျောက် လျှော့ချရေး၊ (၅) မိခင်များ ၏ကျန်းမာရေး တိုးတက်ရေး (၆) HIV/AIDS, ငှက်ဖျားရောဂါ နှင့် အခြားရောဂါများ တိုက်ဖျက်ရေး၊ (၇) သဘာဝ ပတ်ဝန်းကျင် အဓွန့်ရှည်ရေး၊ နှင့် (၈) ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တည်ဆောက်ရေးတို့ ဖြစ်သည်။ မြန်မာနိုင်ငံသည် လည်း ဤ ထောင်စုနှစ်ဖွံ့ဖြိုးရေးစံချိန် စံညွှန်း များ ကို နိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းများ တွင် ထည့်သွင်း၍ အထိုက်အလျှောက် ဆောင်ရွှက် လျှက်ရှိသော်လည်း မိမိနိုင်ငံ၏ စီမံကိန်းများ ပင်လျှင် အနိုင်နိုင် ဆောင်ရွက်နေ ရ၍ ထိရောက်မှု မရှိပေ။ 

၆။ မည်သည့် ဖွံ့ဖြိုးရေး လမ်းစဉ် ကို ရွေးချယ် မည်လဲ (What Development Perspective Envisioned?)
နိုင်ငံတစ်နိုင်ငံ၏ ခေတ်မှီဖွံ့ဖြိုး ရေးလမ်းစဉ်သည် အခြား မည်သည့်နိုင်ငံနှင့်မျှ မတူ နိုင်ဆို သည့် အယူအဆသည် ကမ္ဘာ့ခေတ်မှီဖွံ့ဖြိုးပြီး အခြေအနေ သို့ ရောက်ရှိ နေသော ဖွံ့ဖြိုးပြီးနိုင်ငံများ ၏ ဖြတ်သန်း လာခဲ့ကြသော လမ်းစဉ်နှင့် သမိုင်းကြောင်းကို ထောက်ရှု ၍ လက်ခံရမည်ဖြစ်သည်။ ထိုနည်းတူ မိမိ နိုင်ငံ၏ ဖွံ့ဖြိုးရေး ကို အဓိပ္ပါယ် ဖွင့်ဆိုမှု၊ ဖွံ့ဖြိုးရေးစံ နှင့် တန်ဖိုးထားမှု သည် လည်း အနည်း နှင့် အများကွာခြား၍၊ ရံဖန်ရံခါ အတော်လေး ခြားနား ကြသည်။ ခေတ်မှီဖွံ့ဖြိုး တိုးတက် ရေးကိုသာ အဓိက ထား ကာ မော်ဒင်နိုင်ဇေးရှင်း (Modernization) ပန်းတိုင် သို့ ချီတက်ရာတွင် မိမိတို့ ၏ဖွံ့ဖြိုးရေးလမ်းစဉ်ဖြင့် မိမိတို့လျှောက်လှမ်းခဲ့ သည်ချည်းဖြစ်ကြသည်။ ထိုသို့ ချီတက်ရာ တွင် ခေတ်မှီဖွံ့ဖြိုး တိုးတက်ရင် ပြီးရော ဆို၍ မိမိတို့နိုင်ငံ၏ စာပေယဉ်ကျေးမှုကို သိပ်ပဒါန မထားပဲ ခေတ်မှီဖွံ့ဖြိုးတိုးတက် ခဲ့သော နိုင်ငံများလည်း ရှိလာ ခဲ့ ပြီဖြစ်သည်။ ဥပမာ အဖြစ်ပြော ရလျှင် စင်ကာပူရ် (Singapore) နိုင်ငံ သည် အရှေ့တောင်အာရှနိုင်ငံတွင် ရော ကမ္ဘာတွင်ပါ အနောက်နိုင်ငံများ နည်းတူ အတော်လေး ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီဖြစ်သည်။ သို့သော် ၎င်းတို့ မူရင်းလူမျိုးတို့၏ စာပေ နှင့် ယဉ်ကျေးမှု မှာ အတော်လေး ပျက်စီသွား ပြီလည်းဖြစ်သည်။ ၎င်း တို့ ၏ခေါင်းဆောင်များသည် စာပေ နှင့် ယဉ်ကျေးမှု ထက် နိုင်ငံ့စီးပွားရေးကိုရှေ့တန်းတင် ၍ နိုင်ငံသားတို့ ၏၀င်ငွေ မြင့်မားရေးကိုဦးစားပေးကာ နိုင်ငံကို တည်ဆောက်ခဲ့ကြခြင်းသည် ၎င်း တို့ ၏ဖွံ့ဖြိုးရေး အဓိပ္ပါယ် ဖွင့်ဆို ချက်နှင့် တန်ဖိုးပင်ဖြစ်ပေတော့သည်။ 
သို့သော် အခြား နိုင်ငံတစ်နိုင်ငံကို ဥပမာ အနေဖြင့်ဆက်ကြည့်မည်ဆိုပါက ဂျပန်နိုင်ငံသည် အကောင်းဆုံး ဖြစ်မည်ထင်သည်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်နိုင်ငံသည် မိမိတို့စာပေယဉ်ကျေးမှုကို လုံးဝ အပွန်းပဲ့ မခံပဲ ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံ ကို တည်ထောင်နိုင်ခဲ့ သောကြောင့်ဖြစ်သည်။ တစ်ဖက်မှာ ၎င်းတို့စာပေ နှင့် ယဉ်ကျေးမှုကိုလည်း ထိန်းရင်း၊ တစ်ဖက်မှာ မော်ဒင်နိုင်ဇေးရှင်း (Modernization) မည်သည့် ခေတ်မှီဖွံ့ဖြိုးမှုကို အရောက်လျှောက်လှမ်းခဲ့သည်မှာ အံ့အားသင့် စရာ ပင်ဖြစ်သည်။ အထက်တွင်ဖော်ပြ ခဲ့သကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်းများနည်းတူ၊ နိုင်ငံတိုင်းသည်လည်း မိမိ တို့ ကိုယ်ပိုင် ဖွံ့ဖြိုးရေး ၏ အဓိပ္ပါယ်ဖွင့်ဆိုမှု နှင့် စံချိန်စံညွှန်း များရှိကြသည်။ ဥပမာ ဘူတန် (Bhutan) နိုင်ငံ သည် ၎င်းတို့၏ ဖွံ့ဖြိုးရေး မဏ္ဏိုင် နှင့် စံချိန်စံညွှန်း သည် မော်ဒင်နိုင်ဇေးရှင်း (Modernization) လည်းမဟုတ်၊ GNP သို့ GDP သာလျှင် လည်းမဟုတ်၊ HDI သာလျှင် လည်းမဟုတ် ပေ။ ၎င်း တို့၏ ဖွံ့ဖြိုးရေး မဏ္ဏိုင် ကို မဏ္ဏိုင်ကြီး လေး ခုဖြစ်သော ညီညာသော စီးပွားရေး ဖွံ့ဖြိုးမှု (Equitable Economic Development)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း (Environmental Preservation)၊ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ခြင်း (Culture Resilience)၊ နှင့်ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance) တို့တွင် အခြေတည် ကာ အောက်ပါ စံချိန်စံညွှန်း ၉ ခု ဖြင့် နိုင်ငံကို ခုတ်မောင်လျှက်ရှိသည်။ ၎င်း စံချိန်စံညွှန်းများ မှာ (၁) ကိုယ်စိတ်နှစ်ဖြာ စိတ်ချမ်းသာမှု (Psychological Wellbeing)၊ (၂) အချိန် သုံးစွဲမှု (Time Use)၊ (၃) လူမှုအတိုက်အ၀န်း ရှင်သန်မှု (Community Vitality)၊ (၄) ကွဲပြားသော ယဉ်ကျေးမှု များ နှင့် ၎င်း တို့ကို ထိန်းသိမ်းစောင့်ရှောက် ရေး (Culture Diversity and Resilience)၊ (၅) ကျန်းမာရေး (Health)၊ (၆) ပညာရေး (Education)၊ (၇) သက်ရှိ သတ္တ၀ါ၊ သဘာဝသစ်တော နှင့် တရိဆ္ဆန်များ ပိုမို မျးပြားရေး နှင့် ထိန်းသိမ်း စောင့်ရှောက်ရေး (Ecological Diversity and Resilience)၊ (၈) လူနေမှု အဆင့်အတန်း (Living Standard) နှင့် (၉) ကောင်းမွန်သောအုပ်ချုပ်မှု (Good Governance) တို့ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် စံချိန်စံညွှန်းများ ကို အစိုးရ ခေတ် အဆက်ဆက် မည်ကဲ့သို့ ဖွင့်ဆိုသတ်မှတ်ခဲ့သည်၊ လက်ရှိအစိုးရအနေနှင့် မည်သို့ ဖွင့်ဆို သတ်မှတ် အကောင်အထည်ဖော်နေသည် ဆိုသည့် မေးခွန်းများ ကိုပီပီပြင်ပြင်ဖြေဆိုရန်လိုသည်။ သို့မှသာ မြန်မာတစ်နိုင်လုံးရှိ ဗမာ အပါအ၀င် တိုင်းရင်သားအားလုံးသည် အစိုးရဖော်ဆောင်နေ သော ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် စံချိန်စံညွှန်းများ သည် ၎င်းတို့အသီးသီး ၏ ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် စံချိန်စံညွှန်းများ ကိုက်ညီမှု ရှိ မရှိထောက်ပြ ကာ ပြုပြင်ခြင်းအားဖြင့် အားလုံးကိုအကျုံးဝင်စေသည့် ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့် စံချိန်စံညွှန်းများ ပေါ်ထွက်လာမည်ဖြစ်ပေသည်။

၇။ နိဂုံး (Conclusion)
နိုင်ငံတစ်နိုင်ငံ ၏ ဖွံ့ဖြိုးရေးသည် ထို နိုင်ငံ ၏ နိုင်ငံရေး၊စီးပွားရေး၊ ယဉ်ကျေးမှု လမ်းစဉ် များ နှင့် ဆက်ရှပ်နှီးနှော ရောပြွှန်းလျှက်ရှိရာ၊ ၎င်း နိုင်ငံ ၏ ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့် ဆိုချက် နှင့် ဖွံ့ဖြိုးရေး လမ်းစဉ် သည် ထိုနိုင်ငံကို ကိုယ်စားပြုသည်။ လွှတ်လတ်ရေး ရပြီး နောက်၊ အစိုးရအဆက်ဆက် ၎င်းတို့ လက်ထက်တွင် မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့် ဆိုချက် နှင့် ဖွံ့ဖြိုးရေး လမ်းစဉ် သည် အမှန်တကယ် လျှောက်ခဲ့သင့်သော ဖွံ့ဖြိုးရေး လမ်းစဉ် နှင့် တွေဖြီ မြဲတွေဖြီခဲ့သော ကြောင့် ယနေ့ထိ ဖွံ့ဖြိုးသည့်အနေအထားသို့ မရောက် နိုင်ပဲ ပိုမိုဆိုးရွားနေ ခြင်းဖြစ်သည်။ ဤ နေရာတွင် အစိုးရအဆက်ဆက် ၏ ဖွံ့ဖြိုးရေး လမ်းစဉ်ကို မဆွေးးနွေး တော့ပါ၊ အဘယ့်ကြောင့် ဆိုသော် စာရှည်လွန်း မည်ကတစ်ကြောင်း၊ ၎င်း အစိုးရအဆက်ဆက် ၏ ဖွံ့ဖြိုးရေး လမ်းစဉ်များ သည် အမှန်တကယ် လျှောက်ခဲ့သင့်သော ဖွံ့ဖြိုးရေး လမ်းစဉ် များနှင့် တွေဖြီခဲ့ ကြောင်း စာဖတ်သူ သိလျှင် လုံလောက်သည်။ အဓိက အနေနှင့် အနည်းငယ် ဆွေးနွေးလို သည်မှာ လက်ရှိ အစိုးရ ခုတ်မောင်းနေသော ဖွံ့ဖြိုးရေး လမ်းစဉ် နှင့် မည်ကဲ့သို့ဖြစ်သင့်သည် ဆိုသော စာရေးသူ၏ အမြင် ဖြစ်သည်။
အထက်တွင် ပြောခဲ့သကဲ့သို့၊ လက်ရှိ အစိုးရသည် မြန်မာနိုင်ငံ ကို မော်ဒင်နိုင်ဇေးရှင်း (၀ါ) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အဖြစ်သို့ရောက်ချင်နေသည်မှာထင်ရှားသည်။ သို့သော် စင်ကာပူရ် (Singapore) ကဲ့သို့ စီးပွားရေးကိုသာ အဓိကထားသော နိုင်ငံ အဖြစ်သာမဟုတ်မှန်းတော့သေချာသည်၊ အဘယ့်ကြောင့်ဆိုသော် မြန်မာ့ ယဉ်ကျေးမှု ဆိုသော ဝေါဟာ ရ သည် အတော်လေး ရေပန်းစား၍ အရိုး စွဲနေပြီဖြစ်သည်။ ဆိုလိုသည်မှာ မော်ဒင်နိုင်ဇေးရှင်း (၀ါ) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အဖြစ်သို့လည်းရောက်၊ မြန်မာ့ ယဉ်ကျေးမှု သည်လည်း မပြောက် မပျက၊် မပွန်းမရှ ပဲ ကမ္ဘာ့ အလည်မှာ မြန်မာဟေ့ ဆို ၍ ၀င့်ဝင့်ဝါ၀ါ ရပ်နိုင်သော အနေအထားသို့သွား လိုနေခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ နှင့် မြန်မာ့ ယဉ်ကျေးမှု ဟု ဆိုလိုက်သည်နှင့် စေတီပထိုးများ၊ ဗမာ မုန်ရွှေရီ ကဟန်များ နှင့် ဗမာ လူမျိုးများ ၏ သင်္ကေတ များ သာ ကိုယ်စားပြုမည့် ဖွံ့ဖြိုးရေး လမ်းစဉ် ကို ကိုင်စွဲနေ သရွှေ့ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော် ထိ ဖွံ့ဖြိုးရေး ပန်းတိုင်သို့လျှောက်ခဲ့သကဲ့သို့ ထပ်၍ လွဲနေမည်ဖြစ်သည်။ ထို့ကြောင့် ဗမာလူမျိုး အပါအ၀င် တိုင်းရင်းသား အားလုံး နှင့် အကျုံးဝင်၍ အမှန်တကယ်ကိုက်ညီသော ဖွံ့ဖြိုးရေး အဓိပ္ပါယ်ဖွင့် ဆိုချက် နှင့် ဖွံ့ဖြိုးရေး လမ်းစဉ် ကိုပုံဖော်ကာ မှန်မှန်ကန်ကန် ချီတက် ခုတ်မောင်း မည်ဆိုလျှင် အချိန် အတိုင်းအတာ တစ်ခု အတွင်း မော်ဒင်နိုင်ဇေးရှင်း (၀ါ) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ အဖြစ်သို့လည်းရောက်၊ မြန်မာဟုဆိုလိုက်သည်နှင့် စေတီပထိုးများနှင့် တစ်ပြေးညီ၊ ကချင်လူမျိုးတို့၏ မနောတိုင်၊ ရှမ်းလူမျိုးတို့၏ ရှမ်းအိုးစည်၊ နှင့် အခြား တိုင်းရင်းသားအားလုံး၏ ရိုးရာ သင်္ကေတများ သည်မြန်မာ ပြည်၏ သင်္ကေတများ အဖြစ် ၀င့်ဝင့်ဝါ၀ါ ရပ်တည် နိုင်မည်ဖြစ်ပါကြောင်း…….

ယော်ထုန် (လားရှိုး)

References: 
1. Hans-Hermann Hoppe. (1990). A Theory of Socialism and Capitalism. The Ludwig von Mises Institute’sStudies in Austrian Economics. Department of Economics University of Nevada, Las Vegas. 
2. Bruan, A. (2009). Gross National Happiness in Bhutan: A Living Example of an Alternative Approach to Progress. University of Pennsylvania. 
3. Williamson, J. (2004). The Washington Consensus as Policy Prescription for Development. 
4. Willis, K. (2005). Theories and Practices of Development. Routledge 270 Madison Ave, New York. 

No comments:

Post a Comment